ရန်ကုန်မြို့ ၂၀၁၈,နိုဝင်ဘာလ,၂၀ ရက်နေ့၊ Pan Pacific Hotel ၊ နေ့လည် ၁၂ နာရီ အချိန်တွင် American Chamber of Commerce in Myanmar (AMCHAM Myanmar) မှချီးမြှင့်သောလူထုအကျိုးပြုလုပ်ငန်းလုပ်ဆောင်မှုများအတွက် AMCHAM CSR Excellence Award ပေးအပ်ပွဲအခမ်းအနားအစီအစဉ်ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဆုသည် တစ်နှစ်တာအတွင်း လူထုအကျိုးပြုလုပ်ငန်းများနှင့်ပတ်သက်သောဆောင်ရွက်မှုများအတွက် (၄)နှစ်မြောက် အသိအမှတ်ပြုပေးအပ်သော ဆုပေးပွဲအခမ်းအနားဖြစ်ပါတယ်။ Global Technology Group (GTG) သည် ၂၀၁၈ ခုနှစ် တနှစ်တာအတွင်း အကောင်းဆုံး CSR Excellence Award ဂုဏ်ပြုလက်မှတ်ရသည့်အပြင် ၃ နှစ် ဆက်တိုက် Award ရရှိခြင်းကြောင့် “Silver Level” အဖြစ် အသိမှတ်ပြုခံရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။GTG သည် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွ့ံ့ဖြိုးတိုးတက်မှု ကဏ္ဍများတွင် တစ်ဖက်တစ်လမ်းမှ တာဝန်ယူမှုအပြည့်ဖြင့် ရပ်တည်နေသောအဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ယခုလို ပြည်တွင်းက လူမှုအသိုက်အဝန်းတွေကို ကူညီအားပေးခြင်းဟာ မြန်မာနိုင်ငံတစ်ဝန်း ပြည်သူတွေအတွက် ရေရှည်စီးပွားရေးနဲ့ လူမှုရေးအကျိုးကျေးဇူးတွေ ရရှိအောင်ဦးတည်စေပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ကုန်သည်ကြီးများအသင်းရဲ့ စီးပွားရေးဆိုင်ရာ လူမှုရေးတာဝန်ယူမှုမှာ ထိပ်တန်းက ရွေးချယ်ခံရတဲ့ အသင်းဝင်ကုမ္ပဏီကြီးတွေကို အသိအမှတ်ပြုချီးမြှင့်ခြင်း အခမ်းအနားမှာ သံအမတ်ကြီး မာစီရယ်လ် ကိုယ်တိုင်တက်ရောက်ခဲ့ပြီး “ဒီကုမ္ပဏီတွေဟာ နိုင်ငံသားကောင်းစီးပွားရေးလုပ်ငန်းအဖွဲ့တွေအနေနဲ့ သူတို့ကိုယ်သူတို့ ကွဲပြားအောင်လုပ်ဆောင်ကြသလို သူတို့ဆောင်ရွက်နေတဲ့စီးပွားရေးဆိုင်ရာ လူမှုရေးတာဝန်ယူမှုတွေဟာ မြန်မာလူ့မှုအသိုက်အဝန်းအတွက် ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုတွေရရှိနေတယ်ဆိုတာ ကျွန်တော်ကိုယ်တိုင်တွေ့ရှိခဲ့ရပြီးပါပြီ” လို့ အမှာစကားပြောကြားခဲ့ပါတယ်။

Scroll Up