28.6.2017

Kyaik Wine Boys Training Schools   Breakfast, lunch, dinner, backpacks, clothes, stationary

5BB ၏ အင်တာနက်သုံးစွဲသူများကိုယ်စား 5BB ၏ ဝန်ထမ်းမိသားစုများမှ ၂၈.၆.၂၀၁၇ (ဗုဒ္ဒဟူးနေ့)တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အမှတ် (၆၅)၊ ကျိုက်ဝိုင်းဘုရားလမ်း၊ မရန်းကုန်းမြို့နယ်၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသော ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းရှိ မိဘမဲ့၊ ခိုကိုးရာမဲ့ လူငယ်လေးများ စုစုပေါင်း (၉၈) ဦးအတွက် အာဟာရဒါနအဖြစ် တစ်နေ့တာ မနက်စာ၊ နေ့လည်စာနှင့် ညနေစာများအပြင် ပညာရေးထောက်ပံ့ကူညီမှုအဖြစ် ကျောင်းသုံးဗလာစာအုပ်များ၊ ဘောင်းဘီလေးများနှင့် ကိုယ်တိုက်ဆပ်ပြာများအား သွားရောက်လှူဒါန်းခဲ့ပါသည်။
ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်း(ရန်ကုန်)သည် ၁၉၂၈ ခုနှစ်တွင် ကလေးသူငယ်များကူညီစောင့်ရှောက်ရေးအဖွဲ့မှ “လေလွင့်နေသော မိဘမဲ့ကလေးများဂေဟာ” အမည်ဖြင့် အင်းလျားလမ်းတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၆၄ ခု ဧပြီလတွင် နိုင်ငံတော်သို့ လွှဲပြောင်းပေးသဖြင့် လူမှုဝန်ထမ်းဦးစီးဌာန “အင်းလျားလမ်းလူငယ်သင်တန်းကျောင်း” အမည်ဖြင့် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ၁၉၉၇ တွင် နိုင်ငံတော်အစီအစဉ်ဖြင့် လက်ရှိနေရာသို့ ပြောင်းရွှေ့၍ “ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်း” အမည်ဖြင့်ဆက်လက်ဖွင့်လှစ်ခဲ့ပါသည်။ ထိုကျောင်းတွင် အသက် ၅နှစ်ကျော်မှ စ၍ ၁၈ နှစ်အတွင်း မိဘမဲ့၊ ခိုကိုးရာမဲ့ လူငယ်လေးများကို လက်ခံပြုစုစောင့်ရှောက်လျက်ရှိပါသည်။ မူလတန်းအရွယ် လူငယ်လေးများအား ထိုကျောင်းဝင်းအတွင်း ဖွင့်လှစ်ထားသည့် မူလတန်းကျောင်းတွင် သင်ကြားပေးပြီး၊ အလယ်တန်း နှင့် အထက်တန်း လူငယ်လေးများကို ပြင်ပအစိုးရကျောင်းများတွင် တက်ရောက်သင်ကြားစေခြင်း ၊ အခြားအသက်မွေးဝမ်းကြောင်းပညာရပ်များဖြစ်သော ပန်းချီ၊ ဆံသ၊ စိုက်ပျိုးရေး ပညာရပ်များအားလည်း သင်ကြားပေးလျက်ရှိပါသည်။ ထိုကျောင်းမှ ကလေးအများစုသည် အားကစားနှင့် ပန်းချီတွင် ထူးချွန်သောကလေးများ ဖြစ်နေသည်ကိုလည်း တွေ့ရှိခဲ့ရပါသည်။
မိဘပြည်သူများမှလည်း လှူဒါန်းလိုပါက ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်း၊ ဖုန်း ၀၁-၆၅၀၀၃၅ သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
5BB မိသားစု

Scroll Up