21.6.2017Training School for Girls (110 orphanage girls) Breakfast, lunch, dinner, stationary, lunchboxes.

5BB ၏ အင်တာနက်သုံးစွဲသူများကိုယ်စား 5BB ၏ ဝန်ထမ်းမိသားစုများမှ ၂၁.၆.၂၀၁၇ (ဗုဒ္ဒဟူးနေ့) တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အမှတ် (၄၉)၊ မလိခလမ်း၊ မရန်းကုန်းမြို့နယ်၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသော အမျိုးသမီးကလေးများသင်တန်းကျောင်းရှိ မိဘမဲ့၊ ခိုကိုးရာမဲ့ အမျိုးသမီးကလေးများ စုစုပေါင်း(၁၁၀)ဦး အတွက် အာဟာရဒါနအဖြစ် တစ်နေ့တာ နေ့လည်စာ၊ ညနေစာအပြင် ပညာရေးထောက်ပံ့ကူညီမှုအဖြစ် ကျောင်းသုံးဗလာစာအုပ်များ၊ စတီးထမင်းချိုင့်များ သွားရောက်လှူဒါန်းခဲ့ပါသည်။
အမျိုးသမီးကလေးများသင်တန်းကျောင်း(ရန်ကုန်) သည် စေတနာ့ဝန်ထမ်းအသင်းအဖွဲ့ဖြစ်သော Vigliance Society က ၁၉၄၅ ခုနှစ်တွင် Home for Girls အမည်ဖြင့် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၁၉၆၂ ခုနှစ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ လွှဲပြောင်းလက်ခံရယူခဲ့ပြီး အမျိုးသမီးကလေးများသင်တန်းကျောင်း (Training School for Girls) အမည်ဖြင့်ဆက်လက်ဖွင့်လှစ်ခဲ့ ပါသည်။ ထိုကျောင်းတွင် အသက် ၈ နှစ်မှ ၁၈ နှစ်အတွင်း မိဘမဲ့၊ ခိုကိုးရာမဲ့ အမျိုးသမီးကလေးများကို လက်ခံပြုစုစောင့်ရှောက်လျက်ရှိပါသည်။ မူလတန်းသမီးငယ်လေးများအား ထိုကျောင်းဝင်းအတွင်း ဖွင့်လှစ်ထားသည့်မူလတန်းကျောင်းတွင် သင်ကြားပေးပြီး ၊ အလယ်တန်း ၊ အထက်တန်း နှင့် တက္ကသိုလ်တက်ရောက်နေသော သမီးငယ်လေးများကို ပြင်ပအစိုးရကျောင်းများတွင် တက်ရောက် သင်ကြားစေခြင်း ၊ အခြားအသက်မွေးဝမ်းကြောင်းပညာရပ်များဖြစ်သော စက်ချုပ် ၊ ကွန်ပျူတာ ၊ စိုက်ပျိုးရေး ပညာရပ်များအားလည်း သင်ကြားပေးလျက်ရှိပါသည်။ ထိုကျောင်းမှ ကလေးအများစုသည် ပညာရေးတွင် ထူးချွန်သောကလေးများ ဖြစ်နေသည်ကိုလည်းတွေ့ရှိခဲ့ရပါသည်။
မိဘပြည်သူများမှလည်း လှူဒါန်းလိုပါက အမျိုးသမီးကလေးများသင်တန်းကျောင်း၊ ဖုန်း ၀၁-၉၆၆၀၃၀၂ ၊ ၀၉၄၃၁၂၅၄၃၈ ၊ ၀၉၄၂၀၀၄၀၇၇၂ သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
5BB မိသားစု

Scroll Up